Passport
လည်း အဆင်သင့်ရှိနေပြီဆိုတော့ ဘယ်နိုင်ငံသွားလည်မလဲ ဆိုတာ စဉ်းစားရတော့မှာပေါ့။ ဒီနေရာမှာ
ပထမဆုံးစဉ်းစားရမှာက ကိုယ် ဘာတွေ ကြည့်ချင်လဲ၊ ဘယ်လို အတွေ့အကြုံမျိုး လိုချင်လဲ၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
ဗီဇာ ရဖို့ လွယ်မလား၊ ပြီးတော့ ဘတ်ဂျက် ကို ဘယ် လောက် သုံးမလဲ ဆိုတဲ့အချက် ပါပဲ။ နိုင်ငံတိုင်းမှာ
သူ့နေရာနဲ့သူ တမူထူးခြားပြီး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက်လေးတွေ ရှိ တတ် ပါတယ်။ (http://www.informationisbeautiful.net/visualizations/because-every-country-is-the-best-at-something/)
မှာသွားရောက်လေ့လာ နိုင်ပါတယ်။ ဥပမာ ဈေးဝယ်ဖို့သွားမယ်ဆိုရင်တော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင် တို့ကိုသွားသင့်ပြီးတော့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တွေ ကို
လေ့လာမယ်ဆို ကမ္ဘောဒီယား၊ တရုတ်ပြည်၊ ပြီးတော့ ဘုရားဖူးမယ်ဆိုရင်တော့ ထိုင်း၊ အိန္ဒိယ၊
နီပေါ၊ ခရစ်ယာန်တွေအတွက်ဆို အီဂျစ်၊ အစ္စရေး ဂျော်ဒန်၊ တူရကီ၊ မူစလင်ဘာသာဝင်များ အတွက်ဆို
ဆော်ဒီ နဲ့ အရှေအလယ်ပိုင်းကနိုင်ငံတွေကို စဉ်းစားသင့်ပါတယ်။
ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် နိုင်ငံတွေကတော့ သဘာဝကပေးတဲ့ အလှအပတွေ ကြည့်ရှုမကုန်အောင်ဖြစ်နေပြီးတော့
ဂျပန် နဲ့ ကိုရီးယား နိုင်ငံတွေကလဲ ခေတ်ရှေ့ပြေးတဲ့ နည်းပညာရယ် သဘာဝ အလှတရားတွေကို ပေါင်းစပ်ထားတာ
တွေ့ကြုံခံစားကြရမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ကိုယ့် အလှနဲ့ ကိုယ်ရှိနေသလို
တခြားနိုင်ငံတွေတိုင်းမှာလဲ သူတို့အလှနဲ့သူတို့ရှိ နေသလို ပေါ့။

(http://www.thetravelerszone.com/travel-information/25-wonderful-places-to-visit-in-your-lifetime/
) ဒီ website မှာတော့ သွားလည်သင့်တဲ့နေရာ ၂၅ ခုကို ရေးပြထားလေရဲ့။
ကဲ ရွေးချယ်စရာတွေကတော့အများကြီး။
တစ်နှစ်ကို ရုံးပိတ်ရက် ၂ပတ် လောက်ရှိရင်တော့ တခြားနိုင်ငံတွေသွားလည်ဖို့ ကြိုပြီးရွေးထားလိုက်ရအောင်နော်။
No comments:
Post a Comment