Saturday, November 19, 2011

နိုင်ငံကူးလက်မှတ်လုပ်ကြရအောင်

ကဲ တိုးရစ်ကြီးရေ ….
တခြားနိုင်ငံကို သွားလည်ပြီး ဟိုမှာ တိုးရစ်လုပ်မယ့် ကိုကိုတို့ မမတို့ အတွက် ပထမဆုံး လိုတာကတော့ … passport လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်ပါ။ ဟော့ ဒီမှာ မြင်ရတဲ့ပုံကတော့ မြန်မာနိုင်ငံသားတွေကိုင်ဆောင်တဲ့ standard passport ဖြစ်ပါတယ်။

အစိုးရ၀န်ထမ်းတွေ နိုင်ငံတော်ကိစ္စနဲ့သွားရင်တော့ အစိမ်းရောင် ပေါ့။ ထားပါတော့ … အဲ့ဒီ passport ကိုဘယ်လိုရအောင်လုပ်ကြမလဲ …
မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားစိစစ်ရေးကဒ်၊ ကိုယ်နေတဲ့ရပ်ကွက်မှာနေထိုင်ကြောင်းထောက်ခံစာရယ်၊ ယူပြီး  စက်မှု (၁) လမ်းကို လောလောလပ်လပ်ပြောင်းသွားတဲ့ passport ရုံးကို ချီတက်ပေတော့။ အိမ်ထောင်စုစာရင်းလဲမမေ့နဲ့ဦးနော်။
ဟိုမှာ ပထမ ဓါတ်ပုံရိုက်ရမယ် .. ပီးရင် ဖောင်ဝယ်ဖြည့် (အများကြီးဖြည့်ရမှာနော်၊ အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေ၊ မောင်နှမတွေ၊ အိမ်ထောင်ဖက်ရဲ့ အမျိုးတွေတောင်ပါသေးတယ်၊ သားသမီးရှိရင်ရှိသလို ဒါလဲပါတယ်) ပီးရင်တော့ ဆောင်စရာရှိတဲ့ စာအုပ်ဖိုးတို့ ဖောင်ကြေးတို့ သွင်းပီးရင် ရလာတဲ့ ဓါတ်ပုံနဲ့ တွဲပြီး တင်လိုက်ပေတော့။ နောက် (၂၁) ရက်ကြာမှပြန်ထုတ်ရမှာ။
စောင့်နေတဲ့အချိန်အတွင်းမှာ မြို့နယ်က ကောင်စီရုံးကိုသွားပြီး အခွန်ကင်းရှင်းကြောင်း ပုံစံ(၁၇) လုပ်ထားပေါ့။ ပီးရင် ပန်ဆိုးတန်း လမ်း အလယ်ဘလောက်မှာရှိတဲ့ ရုံးမှာ အဲ့ဒီ ပုံစံ (၁၇) ပြပီးတော့  ပုံစံ (၁၉) လုပ်ထားလိုက်။ passport ရုံးကချိန်းထားအဲ့ အချိန်ရောက်ရင် ခုဏက လုပ်ထားတဲ့ ပုံစံ (၁၉) ပြပီး passport ထုတ်ယူလိုက်ပေတော့။

No comments:

Post a Comment