Saturday, December 3, 2011

တစ်ခေါက်ပြန်စစ်ပါဦး

ဗီဇာလဲ ရသွားပြီဆိုတော့ ခရီးထွက်ဖို့ပြင်ဆင်ကြမယ်ဆိုရင် ဟောဒီ အချက်လေးတွေကို တစ်ခေါက်ပြန်စစ်သင့်ပါတယ်။
၁။ ဘယ်နေရာတွေသွားလည်မလဲ
မိမိ ခရီးသွားမယ့် ရက်ကြာချိန်အတွင်းမှာ သွားလည်ချင်တဲ့နေရာတွေ အကုန် နှံ့ပါ့မလား။ 
၂။ ဗီဇာ နဲ့ ကာကွယ်ဆေးထိုးဖို့ ကိစ္စ
ဗီဇာကတော့ရပါပြီ ဟိုမှာသွားလည်ရင်း ကူးဆက်နိုင်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေး ထိုးသွားသင့်သလား။
၃။ နိုင်ငံကူးလက်မှတ်
ဖြစ်နိုင်ရင်တော့ မိတ္တူ နှစ်စုံကူးပြီး တစ်စုံ ကို အိမ်မှာချန်ထားခဲ့၊ နောက်တစ်စုံက ခရီးသွားရင်း ဟိုနားဒီနားသွားရင် ကိုယ်နဲ့မကွာ ဆောင်ထားဖို့ပါ။ မူရင်းကိုတော့ မမေ့နဲ့ပေါ့။
၎။ အ၀တ်အစား
ဟိုနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနဲ့ ကိုယ့်အ၀တ်အစားတွေက အဆင်ပြေပါ့မလား။ ကျွန်တော် ဖတ်ဘူးတာတော့ အ၀တ်အစားကို နဲနဲပဲ ယူပြီး ငွေကိုတော့  ၂ ဆ ယူသွားသင့်တယ်ဆိုပဲ။
၅။အစားအသောက်
အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေ အာရှထဲမှာ ခရီးသွားရင် ကိစ္စသိပ်မရှိပေမယ့်၊ အနောက်နိုင်ငံသွားမယ်ဆိုရင်တော့ ငပိကျော်လေး၊ ဘာလချောင်ကျော်လေးတော့ ဆောင်ထားနိုင်မှ စားရသောက်ရ အဆင်ပြေမယ်နော်။
ဒါတွေအားလုံးကို ကိုယ်သွားမယ့် နိုင်ငံ က ခရီးသွားလာရေးလုပ်ငန်းတွေက website တွေမှာ www.google.com ကတစဆင့် သွားရောက်လေ့ လာနိုင်သလို ပို စိတ်ချရပြီး တစ်နေရာ ထည်းမှာ အဓိက အချက်တွေ  လေ့လာ လို့ရတဲ့ website ကတော့ <http://www.iatatravelcentre.com> မှာပါ။ ကမ္ဘာ့ လေကြောင်းခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က website ဖြစ်ပါတယ်။

No comments:

Post a Comment